နွားထိုးကြီး ဖေဖော်ဝါရီ ၃
နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်ကျင်းပရာ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ ပရဟိတ အသင်းအဖွဲ့များ တက်ရောက်အားပေးခဲ့သည်။
တက်ရောက်လာသူများကို မြို့နယ်ဦးစီးမှူး ဦးတင့်လွင်ဦးမှ နံရံကပ်စာစောင်ပြပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ ပရဟိတအသင်းအဖွဲ့များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များကို လေ့လာခဲ့ကြပြီး မိမိတို့ဖတ်ရှု့လိုသည့် စာအုပ်များကို ငှာရမ်းရာ စာကြည့်တိုက်တာဝန်ခံ ဒေါ်ကြည်ကြည်စန်းမှ ပြန်လည်ငှားပေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်