ပုံပါကျင်မြို့တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်‌‌ ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ဓါတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြပွဲ ကျင်းပ

ပုံပါကျင်    ဖေဖော်ဝါရီ  ၃

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်‌နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲတွင်  ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက (၇၅)နှစ်မြောက်စိန်ရတုပြည်‌ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့် စာအုပ် စာစောင်များ ခင်းကျင်းပြသရခြင်းရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ၊ပြည်သူများ၊စာပေဝါသနာရှင်များအနေဖြင့် ကြိုက်နှစ်သက်ရာ စာအုပ်စာစောင်များကို ပြည်သူ့ စာကြည့်တိုက်တွင် အခမဲ့လာရောက်ငှားရမ်း ဖတ်ရှု့နိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Community Centre ခန်းမတွင် ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များ၊ ဓါတ်ပုံများနှင့်နံရံကပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)