(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးခရိုင် Community Center ခန်းမ၌ စစ်တုရင်ပြိုင်ပွဲ ကျင်းပ

မြောက်ဦး ဖေဖော်ဝါရီ ၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမ၌ စစ်တုရင်ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၁၂)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်(၁၁) နာရီအချိန်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂(အင်အားပြ) ဦးမြင့်စိုးက စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း အကြောင်းနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် စစ်တုရင်ကစားနည်းကို စနစ်တကျ ယှဉ်ပြိုင်ကစား တတ်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှု၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီးနောက် စာကြည့်တိုက်နှင့်လည်း ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

စစ်တုရင်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ ၁၂ ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက  ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 မြင့်စိုး (ပြန်/ဆက်)