၂၀၂၂ ခုနှစ်၊ နေပြည်တော်ကောင်စီ အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်သူများဖြစ်ပေါ်လာစေရန်၊ အားကစားစိတ်ဓာတ်ကို အခြေခံပြီး ကာယ၊ ဉာဏ၊ စာရိတ္တကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်ထောင်စုနယ်မြေ ကိုယ်စားပြု အားကစားသမားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ နေပြည်တော် ကောင်စီ အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကို ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပလျက်ရှိရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီတွင် အဆိုပါ အားကစား ခန်းမ၌ ကျင်းပသည်။