ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သံဃာအဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးခြင်းဆိုင်ရာ အခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ တက်ရောက်

ပင်းတယ ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွာငယ် ကျောင်းသစ်ကျောင်း၌ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်ရှိ သံဃာအဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးခြင်းဆိုင်ရာ အခမ်းအနားအား ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါ ကျောင်းတိုက်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ကြွရောက်လာသော ရှမ်းပြည်နယ်သံဃာ့နယကအဖွဲ့ဉက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်များ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် ဌာနဆိုင်ရာ ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး အခမ်းအနားအားစတင်ခဲ့သည်။ ကြီးကြပ်ရေးအဖွဲ့၏ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝါယမက  အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး အစည်းအဝေး အစီအစဉ်များအား ဖတ်ကြား လျှောက်ထားကာ၊ အစည်းအဝေး သဘာပတိဆရာတော် ဘဒ္ဒန္တတေဇဝန္တမှ အစည်းအဝေး ဖွင့်ဩဝါဒကထာမြွက်ကြားပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးအာကာလင်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ထို့နောက် အခမ်းအနားမှူး ဆရာတော်မှ မြို့နယ်အဆင့်အဆင့် ဆရာတော်မှအနားယူခြင်း ဆိုင်ရာလုပ်ငန်းများ စီမံချက်အရ အနားယူသော ဆရာတော်များ၏ ဘွဲ့အမည်စာရင်းများ ကြေညာကာ ပြန်လည် ရွေးချယ်နိုင်ရန်အတွက် မူလသတ်မှတ်ထားသော သက်ဆိုင်ရာ နယ်မြေအလိုက် အမည်စာရင်း တင်သွင်းမည့် အဆိုရှင် မြိို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်မှ အစည်းအဝေးသို့ တင်သွင်းခဲ့သည်။

ဆက်လက်၍ မြို့နယ်သံဃ့နာယကအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ရာ ပင်းတယ မြို့နယ်၊ သံဃ့နာယကအဖွဲ့ဉက္ကဋ္ဌအဖြစ် ရွာငယ် ကျောင်းသစ် ကျောင်းဆရာတော် ဦးစန္ဒေါဘာသနှင့်၊ ရွာငံမြို့နယ် သံဃ့နာယက အဖွဲ့ဥက္ကဋ္ဌ အဖြစ် ရွှေပေါ်ကျွန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသာသန တို့အားရွေးချယ်၍ အဖွဲ့ဝင်များ ဆက်လက်ရွေးချယ်ခြင်း ကိုဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဦးဆောင် ကွပ်ကဲမည့် ဆရာတော်နှင့် ကြီးကြပ်ရေး အဖွဲ့ဆရာတော်များအား လှူဖွယ် ပစ္စည်းများနှင့် နဝကမ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊  အစည်းအဝေးသဘာပတိ ဆရာတော်မှ နိဂုံးချုပ်ဩဝါဒ မြွက်ကြားကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ပင်းတယ (ဒေသပြန်/ဆက်)