နမ့်စန်(တ) ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာ ဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ နယ်လှည့်လှုပ်ရှားမှု ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ(၂)နေ့လည် ၂ နာရီတွင် အမှတ်(၃)ရပ်ကွက် အလက (ခွဲ) ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာအောင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပညာ၏ တန်ဖိုးနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဥမ္မာအောင်နှင့် ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်များ အခမဲ့ငှားရမ်းကာ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)