ဒေးဒရဲမြို့တွင် အသိပေးထုတ်ပြန်ချက်အား ဒေသခံပြည်သူများ သိရှိစေရေး အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ဒေးဒရဲ      ဇန်နဝါရီလ   ၂၇ 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင်အသံတိတ်သပိတ် (Silent Strike)နှင့်ပတ်သက်၍ ပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များအား ပြည်သူများ သိရှိစေရေးအတွက် အသိပေး သတင်းထုတ်ပြန်ချက်များ လိုက်လံကြေညာခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများတွင် အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် အကြမ်းဖက် အုပ်စုအဖြစ်ကြေညာထားသော CRPH  NUG နှင့်ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း ခြိမ်းခြောက်ခြင်းများကို လုမှုကွန်ယက် Facebook Account များမှ တစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့်  ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ၊ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို တစ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်း၊ Silent Strike အသံတိတ်သပိတ်)ပြုလုပ်ခြင်း ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်းနှင့် အခြား ဆန္ဒဖော်ထုတ်ခြင်းများမပြုရန် အစရှိသည်တို့ကိုပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ရာဇသတ်ကြီးပုဒ်မ. ၁၂၄ -ကနှင့် ပုဒ်မ ၅၀၅ -က အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ခြင်းအား မြို့ နယ်အတွင်းရှိရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စုရှိ တာဝန်ရှိသူများက အများပြည်သူ သိရှိစေရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း