မြေပုံ ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြေပုံမြို့ရှိ အခြေခံပညာကျောင်းများသို့သွားရောက် ဆောင်ရွက်ပေးသည်။
ထိုသို့ ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကိုချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကို သိရှိစေရန်၊ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရှိ၍ စာအုပ်စာပေများ လာရောက်မငှားရမ်း နိုင်သည့်သူများအတွက်ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို မြေပုံမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက် များသို့ အလှည့်ကျသွားရောက် ငှားရမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)