ပန်းတနော်၊ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့မဈေးနှင့် မြို့တွင်းရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပေးဆောင်ရွက်ရာတွင် ပန်းတနော်မြို့အတွင်းရှိ မြို့မစျေး၊ ပျံကျစျေး၊ စားသောက် ဆိုင်များ၊စတိုးဆိုင်များ၊ကုန်စုံဆိုင်များ၊ဆေးခန်းများ၊ဆေးဆိုင်များ၊ စက်ရုံအလုပ်ရုံများ၊ ကားဂိတ်၊ ရေဆိပ်များ အစရှိသည့် စျေးဆိုင်ခန်းများအား ဇန်နဝါရီလ ၂၆ ရက်နေ့မှစ၍ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ လိုက်လံ အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်