မအီ ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မအီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်း ကျောင်း (ပြင်ဝန်း)သို့ သွားရောက် ငှားရမ်းပေးခဲ့သည်။
ထိုသို့စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် မအီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးမောင်နီ ချေက စာဖတ်ပရိတ်သတ်များအတွက် စာပေဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ယူဆောင်ပြီး အ.လ.က(ပြင်ဝန်း)စာသင်ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများကို သွားရောက် ငှားရမ်းပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို လစဉ်ပုံမှန် ပြုလုပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းကို စာဖတ်ပရိတ်သတ်များအား ပြောကြားခဲ့ကြောင်း သိရှိရသည်။
သိန်းထွန်းအောင်