ရပ်စောက်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်

ရပ်စောက်  ဖေဖော်ဝါရီ   ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်မှူး ဒေါ်စုစုလှိုင်က (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး (Book Club)အဖွဲ့ဝင် ဒေါ်ကြည်ဌေးက ပြည်ထောင်စုနေ့စတင်ပေါ်ပေါက်လာပုံ၊ ပင်လုံစာချုပ်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အောင်ဆန်းအက်တလီစာချုပ်မှာ ပါရှိသောအချက်များ၊ မြန်မာပြည် လွတ်လပ်ရေးရဖို့အတွက် ပြည်မနှင့် တောင်တန်းဒေသစုပေါင်းဆောင်ရွက်ချက်များ၊ ပြည်ထောင်စုသား အားလုံးစည်းလုံးညီညွှတ်ပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို အဓွန့်ရှည်ကြာစွာ တည်တံ့ရေးအတွက် တိုင်းရင်းသားပြည်သူလူထုအားလုံး ဆက်လက် ထိန်းသိမ်း စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း စသည့်အချက်များကို အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)