ပေါက်တော ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်အမှတ် ကျပန်းစကား ပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း ရွှေဘန်းခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရာတွင် ပေါက်တော မြို့နယ်ရှိ အထက်တန်း၊ အ.ထ.က(ခွဲ)၊ အလယ်တန်းကျောင်းများမှာ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးတို့က "ပြည်ထောင်စုနေ့ မိခင်မှသန္ဓေတည် လွတ်လပ်ရေးနေ့အမွေကို မွေးဖွားသည်" ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိရာ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက အမှတ်ပေးစည်းမျဉ်းနှင့်အညီ အကဲဖြတ်အမှတ်ပေး လျက်ရှိကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)