ထီးချိုင့်မြို့နယ် Community Centreခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ် စာစောင်ပြပွဲ ကျင်းပ

ထီးချိုင့် ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ CommunityCentre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် စာအုပ် စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရပါသည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်လဲ့လဲ့ခိုင်က စာအုပ်စာစောင်များ ခင်းကျင်း ပြသရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်များ ပြသခြင်းမှ စာပေဝါသနာရှင်များ အနေဖြင့် မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာသိရှိကာ စာကြည့်တိုက်သို့ စာအုပ်များ လာရောက် ငှားရမ်းသည့်အခါတွင် ဘာသာရပ်အလိုက် အလွယ်တကူငှားယူနိုင်မည်ဖြစ်၍ များစွာအကျိုးရှိကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

ထို့နောက် Community Centre ခန်းမတွင် ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များအား စာပေဝါသနာရှင်များက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရ ပါသည်။

ရဲလင်းထွန်း(ထီးချိုင့်)