ထန်းတပင်မြို့နယ်၌(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဗဟုသုတဉာဏ်စမ်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ထန်းတပင်(ပဲခူး) ဖေဖော်ဝါရီ  ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲကျင်းပခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး‌ ဒေါ်သဇင်က လူငယ်လူရွယ်များအတွက် ပြိုင်ပွဲများကျင်းပပေးရခြင်းဖြင့် စာပေဖတ်ရှု့မှု အားကောင်းစေပြီး ပြောရဲဆိုရဲတတ်စေသော အတွေ့ကြုံကောင်းများရရှိစေခြင်း၊ သုတစာပေ၊ ဉာဏ်စမ်း၊ ကဗျာစာပေများ ဖတ်ရှု့ခြင်းဖြင့် အသိပညာများ တိုးပွားလာပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဗဟုသုတဉာဏ်စမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူ များကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးခင်မောင်ညွှန့်၊ မြို့နယ်ဦးစီးမှူး‌နှင့် တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုမရသည့်‌ ကျောင်းသားကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဗဟုသုတဉာဏ်စမ်းပြိုင်ပွဲသို့ အ.ထ.က ထန်းတပင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်‌ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)