ကျိုက်ဒုံ ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို ပုံပြောပြိုင်ပွဲ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်လင်းနိုင်မှ ကျောင်းသား၊ ကျောင်းသူများ ပုံပြောပြိုင်ပွဲ ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ပြိုင်ပွဲတွင် (အ.ထ.က)ကျိုက်ဒုံမှ စတုတ္ထတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးမှ မိမိတို့ ကြိုက်နှစ်သက်သည့် ပုံပြင်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုများရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား (ပြန်/ဆက်) ဦးစီးမှူးမှ အမှတ်တရလက်ဆောင်များနှင့် ဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်