ပန်းတောင်း ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP) အရ ကျင်းပပြုလုပ်သော အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလွတ်တန်းစားပွဲတင် တင်းနစ်ပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလွတ်တန်းစားပွဲတင် တင်းနစ်ပြိုင်ပွဲဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိဦးရန်လင်းအောင်၊ မြို့နယ်မြေစာရင်း ဦးစီးမှူးဦးလင်းလင်းထွန်း၊ မြို့နယ် စာတိုက်မှူး ဒေါ်အေးအေးခိုင်၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်လှတိုး၊ မြို့နယ်အားကစားမှူး ဒေါ်စောမာလာတို့က ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရ သည်။
သင်းသင်းအေး(ပြန်/ဆက်)