မတ္တရာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

မတ္တရာ ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် လက္ကောင်းကြီးကျေးရွာအုပ်စု၊ ကန်ဖြူကျေးရွာ၌ ရက်(၁၀၀) စီမံချက်ဖြင့် မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် အောင်မြေသာစံခရိုင်နှင့် မတ္တရာမြို့နယ်မှ တာဝန်ရှိသူများသည် ယမန်နေ့က အဆိုပါ ကျေးရွာသို့ ကွင်းဆင်းစစ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ မြေငှားဂရန်ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့် ခရိုင်အဆင့် ဌာန ဆိုင်ရာများမှ ကွင်းဆင်းစစ်ဆေးခဲ့ရာ မတ္တရာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးအောင်အောင်ထွန်းမှ မြေငှားဂရန်ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ တင်ပြချက်များအပေါ် အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး