ငဖဲမြို့နယ်တွင်  မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ငဖဲ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အမျိုးသမီးများအတွက် ဥပဒေအကြောင်းအရာများဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မင်းလွင်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက် သည်။

ရှေးဦးစွာ ငဖဲမြို့နယ် မင်းလွင်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဲသဲမာက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ၊ မြန်မာအမျိုးသမီးများအတွက် အရေးကြီးသည့်အချက်မှာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ အမျိုးဂုဏ်ဇာတိဂုဏ်များ စောင့်ထိန်းရန်ဖြစ်ပြီး အမျိုးသမီးငယ်များအနေဖြင့် မိမိတို့၏မြန်မာအမျိုးသမီးဂုဏ်ရည်များ မပျက်ယွင်းမညှိုးနွမ်းစေရအောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအာကာကျော် က မြန်မာအမျိုးသမီးများဆိုင်ရာ ဥပဒေသိကောင်းစရာများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များကို ကျောင်းသား/ သူများအား အသိပညာပေး ပြောကြားသည်။

ထို့နောက် ငဖဲမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ စီစဉ်ကျင်းပသော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မြန်မာအမျိုးသမီးများ၏ စွမ်းအားနှင့် ဂုဏ်သိက္ခာ ခေါင်းစဉ်ဖြင့် အခြေခံပညာအလယ်တန်းဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူ ၃ ဦးအား တာဝန်ရှိသူများက ဆုချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)