ပုသိမ် ဇွန် ၁၆
တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး (အဋ္ဌမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူကြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၁)ဦး၏ ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုအား သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ လေးမျက်နှာမြို့နယ် ကိုယ်စားလှယ်အမှတ်(၁)က “ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ် ရေကာတာနှင့် ငဝန်ရေကာတာများကို မိုးရာသီရေကြီးမြင့်၍ ရေကာတာများမကျိုးပေါက်စေ ရေးအတွက် တာတမံများကြံ့ခိုင်မှုကောင်းမွန်စေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်း ကြောင်း” အဆိုကိုတင်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေး နွေးခဲ့ကာ ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်ကသဘောတူသဖြင့် ဆွေးနွေးမည့် လွှတ်တော်ကိုယ် စားလှယ်များ အမည်စာရင်းပေးသွင်းနိုင်ကြောင်းကြေညာခဲ့ကာ တတိယအကြိမ်ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို ရပ်နားခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)