သပိတ်ကျင်း ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ (အထက)သပိတ်ကျင်း စာဖြေဌာနတွင် Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ယနေ့နံနက် (၀၉:၀၀) နာရီက ဆက်လက်ဖြေဆိုလျက်ကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေကြသော အခြေခံပညာမူလတန်း အဆင့် (Grade-1,2,3,4,5)နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-6,7,8) ကျောင်းသားကျောင်းသူများ ပညာသင်ယူခွင့် မဆုံးရှုံးစေရေးအတွက် Placement Test (အထူးအစီအစဉ်)ကို ဆောင်ရွက်ပေးလျက်ရှိရာ သပိတ်ကျင်းမြို့နယ် (အ.ထ.က) သပိတ်ကျင်း စာဖြေဌာနတွင် ဒုတိယနေ့ ဖြေဆိုသူ ကျောင်းသား(၃၀၄)ဦး၊ ကျောင်းသူ(၃၉၁)ဦး၊ စုစုပေါင်းဖြေဆိုသူ (၆၉၅) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ သပိတ်ကျင်းမြို့နယ်တွင် စာဖြေဌာန (၁၁)ဌာန ဖွင့်လှစ်ဖြေဆိုလျက်ရှိပြီး ဒုတိယနေ့ဘာသာရပ်များကို ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)