ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၃
၂၀၂၂ ခုနှစ်၊ ( ၇၅ ) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး ( ၆ ) ၊ တိုင်းရင်းသားအထိမ်းအမှတ်ဉယျာဉ်ရှိ ပြည်ထောင်စု ရင်ပြင်ရှေ့၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ /ဆရာမများ နှင့် ဆုရကျောင်းသား / ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ၂၀၂၂ ခုနှစ်၊ (၇၅ ) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးကျော်ကျော်ထွန်း က ဖတ်ကြားပြီး ၂၀၂၂ ခုနှစ် ၊ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်အဆင့် စာစီစာကုံးပြိုင်ပွဲ ၊ ကဗျာပြိုင်ပွဲ ၊ ဆောင်းပါး ၊ ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိိုင်ပွဲများမှ ဆုရရှိကြသော အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား / ကျောင်းသူလေးများက ပဒေသာအကဖြင့် ဖျော်ဖြေတင်ဆက်ကာ အမှတ်တရ လက်ဆောင်ပစ္စည်များ ပေးအပ်ခဲ့၍ ( ၇၅ ) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
ခရိုင် ( ပြန်/ဆက် )