မိတ္ထီလာအကျဉ်းထောင်မှ  လွတ်ငြိမ်းချမ်းသာဖြင့် အကျဉ်းသား ရှစ်ဦးအား လွှတ်ပေး

 မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အကျဉ်းဦးစီးဌာနမှ  လွတ်ငြိမ်းချမ်းသာဖြင့် အကျဉ်းသား ရှစ်ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က နန်းတော်ကုန်းရပ်ကွက်ရှိ  အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွဋ်၊ မိတ္ထီလာအကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဘောနီတို့က လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်မည့် အကျဉ်းသားများအား မိတ္ထီလာအကျဉ်းဦးစီး ဌာနရုံးခန်းတွင် ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ပြီး အကျဉ်းသားများအား လမ်းစရိတ်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အကျဉ်းဦးစီးဌာနရှိ အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာဖြင့် အကျဉ်းသား ရှစ်ဦးကို လွှတ်ပေးခဲ့ကြောင်း သိရသည်။    

သိန်းမြင့်ကျော်(မိတ္ထီလာ)