နမ့်ဆန် ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပေးပို့လာသော သဝဏ်လွှာကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တအတွင်းရေးမှူး ဦးသက်ဇော်ဦးမှ ဖတ်ကြားပြီး (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူ (၅)ဦးအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၅)နှစ် မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေး ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒေသဦးစီးအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မိခင်ကလေး/ အမျိုးသမီးရေးရာဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မိဘပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)