ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတု  ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့်သဝဏ်လွှာ ဖတ်ပွဲကျင်းပ

မောင်တော   ဖေဖော်ဝါရီ  ၁၃

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌  (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အလံတင် အခမ်းအနားကို ဖေဖော်ဝါရီ(၁၂)ရက် နံနက် (၅:၃၀) နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့တွင် ကျန်းမာရေးဝန်ကြီး ဌာန၏ ညွန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲကို နံနက်(၈)နာရီ အချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း၊  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် တက်ရောက်လာသူများမှ အလေးပြုကာ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးက ဖတ်ကြားခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများကို ဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့မှုအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သည့် စီမံထူးချွန်(တတိယ)အဆင့် ရရှိခဲ့သော မောင်တောမြို့နယ် ကုသရေးဦးစီးဌာနမှူး ၊ ရခိုင်ပြည်နယ်ဂုဏ်ထူးဆောင် ခရိုင်အတွင်းရှိ အမျိုးသမီး ဘောလုံး ကစား(၂)ဦး၊ မြန်မာနိုင်ငံလုံး၌ ၂၀၂၁ ခုနှစ် အတွင်း ခရိုင်အဆင့်  သတင်းအများဆုံးလွှင့်တင်ဖော်ပြခံရမှု အကောင်း ဆု (အထူးဆု) ရရှိခဲ့သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မောင်တောခရိုင်ရုံး ၊ ခရိုင်ပေါင်းစုံ တစ်ကိုယ်ရည်ပြ တစ်ဦးချင်း အေရိုးဗစ်ပြိုင်ပွဲတွင် ပထမ ဆုရရှိခဲ့သူ နှင့် ၂၀၂၂ ခုနှစ် ၊ဖေဖော်ဝါရီလ ၁၂ ရက် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျင်းပပြု လုပ်ခဲ့ သော အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး၊ ဆောင်းပါး ၊ပန်းချီ ၊ကဗျာ ၊ ကျက်ပန်း ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ သူများအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ၊ တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့် ပေးခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း  နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်း အောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ဝင်းထွဋ် နှင့် အဖွဲ့ဝင်များ ၊  ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်အေး၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မိခင်နှင့်ကလေးအသင်းဝင်များ၊ ဆရာ/မ များ၊ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မိဘပြည်သူများ စုစုပေါင်း အင်အား(၂၀၀)ခန့်တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေ သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များအား မောင်တော ခရိုင် ရုံးမှ ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာသူများအား အခမဲ့ဖြန့်ဝေပေးကြပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ် ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြသထားမှုများအား တက်ရောက်လာသူများက ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။ 

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)