မြောက်ဦး ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြီတန်းတန်းစာရေး ဦးတင်ဝင်းက ရွေးချယ်ထားသော "စမ်းချောင်းနံဘေးတွင်ခလေးများရေချိုးနေပုံ"ရုပ်ပုံဖြင့် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူလေးများမှ စိတ်ဝင်စားစွာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ မူလတန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးနှင့်အလယ်တန်းတန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်း သူ ၂၀ ဦး စုစု ပေါင်းပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်း ၃၅ ဦးတို့က ဖော်ပြပါ ဆေးရောင် ခြယ်ပန်းချီရုပ်ပုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပထမဆု၊ ဒုတိယ၊ တတိယဆု ရရှိသော မူလတန်းအဆင့်၊ အလယ်တန်းအဆင့်ကျောင်းသူ/ကျောင်းသားများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရှိရသည်။
မြင့်စိုး(ပြန်/ဆက်)