မေတ္တာ ဖေဖော်ဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကွန်ကရစ် ကျောက်ချောတက် လမ်းဖွင့်ပွဲ အခမ်းအနားကို မေတ္တာမြို့၊ ဆူးလေပုံတူ ဘုရားတက်လမ်းမကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် နမောတသ သုံးကြိမ်ရွတ်ဆိုပူဆိုဇော်ပြီး မေတ္တာမြို့၊ နယ်မြေခံ တပ်ရင်းမှ တပ်ရေးမှူး၊ ဉာဏ်လင်းစိုး၊ မြို့အုပ်ချုပ်ရေးမှူး၊ ဦးသူရထွန်းနှင့် မြို့မရဲစခန်းမှ ရဲအုပ် အောင်မြင့်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်ကျောက်ချောလမ်းတစ်လျှောက် အမွှေးနံ့သာရည်များ ဖျန်းပက်ပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မေတ္တာမြို့ ဆရာတော်၊ သံဃာတော်များ၊ နယ်မြေခံတပ်မှ တပ်ရေးမှူး၊ ဉာဏ်လင်းစိုး၊ မြို့အုပ်ချုပ်ရေးမှူး၊ ဦးသူရထွန်းနှင့် မြို့မရဲစခန်းမှ ရဲအုပ် အောင်မြင့်ဝင်း၊ ဌာနဆိုင်ရာများ ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(မေတ္တာ)