မြင်းခြံမြို့၌ အခြေခံပညာ အထက်တန်းပြ၊ လက်ထောက်အလယ်တန်းပြနှင့် လက်ထောက်မူလ တန်းပြ ဆရာ/မများ ခန့်ထားရေး စာမေးပွဲ ဖြေဆို

မြင်းခြံ ဖေဖော်ဝါရီ  ၁၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာ အထက်တန်းပြ၊ လက်ထောက်အလယ်တန်းပြနှင့် လက်ထောက်မူလတန်းပြ ဆရာ/မများ ခန့်ထားရေး စာမေးပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်မှ စတင်ဖြေဆိုခဲ့ကြောင်း  သိရသည်။

အခြေခံပညာ အထက်တန်းပြ၊ လက်ထောက်အလယ်တန်းပြနှင့် လက်ထောက်မူလ တန်းပြ ဆရာ/ဆရာမများ ခန့်ထားရေးအတွက် စားမေးပွဲမှာ ကျောင်းသင်ဘာသာရပ်/ ကျောင်းသင် ဘာသာရပ်နှင့် ဆက်နွှယ်သော ဘာသာရပ်ဖြင့် ဘွဲ့တစ်ခုခုရရှိပြီး အနိမ့်ဆုံး မဟာတန်း တက်ရောက် ရန် အဆင့်မီသူ၊ စီးပွားရေးပညာဘာသာရပ်အတွက် မဟာအရည်အချင်းစစ်သင်တန်းတက်ရောက် ရန် အဆင့်မီသူများအား အထက်တန်းပြ ဆရာ၊ ဆရာမ ခန့်ထားရေး စာမေးပွဲ ဖြေဆိုရပါမယ်။ ကျောင်းသင် ဘာသာရပ်/ကျောင်းသင် ဘာသာရပ်နှင့် ဆက်နွှယ်သော ဘာသာရပ်ဖြင့် ဘွဲ့တစ်ခုခုရရှိပြီး အနိမ့်ဆုံး မဟာအရည်အချင်းစစ်သင်တန် (Qualified) တက်ရောက်ရန် အဆင့်မီသူများအား လက်ထောက် အလယ်တန်းပြ ဆရာ၊ ဆရာမ ခန့်ထားရေး စာမေးပွဲ ဖြေဆိုရပါမယ်။  ကျောင်းသင်ဘာသာရပ်/ ကျောင်းသင် ဘာသာရပ်နှင့် ဆက်နွှယ်သော ဘာသာရပ်ဖြင့် ဘွဲ့တစ်ခုခုရရှိသူများအား ထက်ထောက် မူလတန်းပြ ဆရာ၊ဆရာမ ခန့်ထားရေး စာမေးပွဲ ဖြေဆိုရမည်ဖြစ်ကြောင်း မြင်းခြံခရိုင် ပညာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအုန်းလှိုင်က ပြောသည်။

အဆိုပါ အခြေခံပညာ အထက်တန်းပြ၊ လက်ထောက်အလယ်တန်းပြနှင့် လက်ထောက် မူလတန်းပြ ဆရာ/မများ ခန့်ထားရေး စာမေးပွဲကို ယနေ့ နံနက် (၉) နာရီမှ စတင်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ စသည့်ဘာသာရပ် (၃) ခုအား ဘာသာရပ်တစ်ခုလျှင် အချိန် (၁) နာရီ ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲသို့ အမျိုးသား (၄၉) ဦး၊ အမျိုးသမီး (၃၅၃) ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)