ကမမောင်း ဖေဖော်ဝါရီ ၁၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ တွင်(၇၅)နှစ်မြောက်(စိန်ရတု) ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နယ်ခြားစောင့်တပ်နှင့်မြို့ဘောလုံး အားကစားတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကမမောင်းမြို့ မြို့မ ဘောလုံးအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည်။
အလွတ်တန်း ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် ဘောလုံးအသင်း (၁၅) သင်းဖြင့် ဇန်နဝါရီလ(၂၃)ရက်နေ့မှစတင် ယှန်ပြိုင်ခဲ့ရာ ပထမဆုတံခွန်စိုက် ရွှေဖလားဆုရရှိသော ဆွေမြတ်မျိုးကြွယ် FC အသင်းအား မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသန်းကျော်သူက တံခွန်စိုက်ရွှေဖလားဆုကို ချီးမြှင့်ပေးပြီး ဒုတိယဆုရရှိသော BGF(1014)FC အသင်းအား ဆွေမြတ်မိုးကြွယ် ဘုန်းတော်ကြီးကျောင်းမှ စာချဆရာတော် ဦးသီရိမှဆုချီးမြှင့်ပေးပြီး တတိယဆုရရှိသော BGF(1011)FC အသင်းနှင့် ရှေ့တန်းအကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်းအကောင်းဆုံး အားကစားသမားဆု၊ နောက်တန်းအကောင်းဆုံး အားကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆု၊ ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆုအား မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက အသီးသီးဆုချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
ကမမောင်း(ပြန်/ဆက်)