တကောင်း ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းလျော့ချရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်း လျော့ကျလာစေရေးတို့ အတွက် ဒေသခံပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းကာ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများ အား ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဖုန်းကုန်ကျေးရွာ လမ်းဆုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်း ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိကာ ဖုန်ကုန်းကျေးရွာရှိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသည့် ဒေသခံပြည်သူ (၆၆)ဦး အား ထိုးနှံပေးခဲ့ပြီး ဆေးထိုးရန် ကျန်ရှိသည့် ဒေသခံပြည်သူများကိုလည်း ဦးစားပေးဦး တည်အုပ်စု အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီရိအောင် (တကောင်း)