ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒများစာအုပ်ပါရာထူးတိုးမြှင့်ခြင်းဆိုင်ရာတွင် နည်းဥပဒေပုဒ်မ(၂၆)မှ (၃၉) အထိ စာဖတ်ဝိုင်းကျင်းပ

သင်္ဃန်းကျွန်း    ဖေဖော်ဝါရီ      ၁၅

ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် မြို့နယ်ဦးစီးမှူးများပါဝင်သော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် () နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများစာအုပ်ပါ အခန်း() ရာထူးတိုးမြှင့်ခြင်းနှင့် ပတ်သက်၍ အရည်အချင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ အရည်အချင်းစစ်ဆေးရာတွင် ရေးဖြေနှင့် လက်တွေ့စစ်ဆေးခြင်းများ၊ ရာထူးတိုးမြှင့်ရေးအတွက် လိုက်နာရမည့် အခြေခံမူများနှင့် ထည့်သွင်းစဥ်းစားရန် လိုအပ်သည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ဦးစီးမှူးက ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ အားလည်းကောင်း၊ ပုဇွန်တောင်မြို့နယ်ဦးစီးမှူးက ချိန်နှုန်းလစာအဆင့်နှင့် အောက်ဝန်ထမ်း များအား အရည်အချင်းစစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာများအားလည်းကောင်း၊ တောင်ဥက္ကလာပ မြို့နယ်ဦးစီးမှူးက အကဲဖြတ် အမှတ်ပေးရာ၌ သတ်မှတ်ထားသည့် အရည်အချင်များအား လည်းကောင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ဦးစီးမှူးက အကဲဖြတ်အမှတ်ပေးရာတွင် ထည့်သွင်းထားသည့် အချက်အလက်များအားလည်းကောင်း၊ မြောက်ဥက္ကလာပဦးစီးမှူးက ဝန်ထမ်းများအား ရာထူးသက်၊ လုပ်သက် သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့် ခန့်ထားခွင့်ပြုခြင်းဆိုင်ရာများအား လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ဦးစီးမှူးက ဝန်ထမ်းများအား ရာထူးသက်၊ လုပ်သက်သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထား ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ဦးစီးမှူးက လူတွေ့စစ်ဆးခြင်း ဆိုင်ရာသတ်မှတ်ချက်များအား လည်းကောင်း၊ ဒေါပုံမြို့နယ်ဦးစီးမှူးက တန်းစီးဇယားရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်းဆွေးနွေးဆောင် ရွက်ခဲ့ကြပါသည်။

အဆိုပါ စာဖတ်ဝိုင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်အတွင်းရှိ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများအလိုက် တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် လစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းများဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် များတိုးတက်မြင့်မားလာစေမည်ဖြစ် ကြောင်းလည်း သိရသည်။ စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ Mask တပ်ဆင်ခြင်း၊ လက်ဆေးခြင်း များဆောင်ရွက်ခဲ့ကြပြီး Social Distancing နှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန္ဒာမိုး