ပြည် ဖေဖော်ဝါရီ ၁၅
ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ညံရိုးမီးပူဇော်ပွဲကို ယနေ့နံနက် ၅ နာရီအချိန်က စေတီတော်တောင်ဘက် စောင်းတန်းထိပ် ရတနာပုံထီးဘုရားအနီး၌ကျင်းပရာ စေတီတော်ရင်ပြင်၌ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး အများပြည်သူအပေါင်းတို့က ဗုဒ္ဓမြတ်စွာဘုရားရှင်အား ညံရိုးများဖြင့်မီးပူဇော်ကြသည်။
ညံရိုးမီးပူဇော်ပွဲသို့ လာရောက်ကြသော ဘုရာဖူးလာပြည်သူများအား ရွှေဆံတော်ဂေါပကအဖွဲ့ နှင့် ဝေယျာဝစ္စအဖွဲ့များက ထမနဲများဖြင့် စတုဒီသာဧည်ခံကျွေးမွေးကြပြီး ပြည်မြို့ ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ညံရိုးမီးပူဇော်ပွဲကို နှစ်စဉ် တပို့တွဲလပြည့်နေ့တိုင်း ကျင်းပလာခဲ့သည် မှာ (၉၈)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှသိရပြီး ပြည်ဒေသရှိ ဒေသခံပြည်သူများ သည် အလွန်ချမ်းအေးသည့် ဆောင်းရာသီတပို့တွဲလပြည့် အခါသမယနေ့ရောက်တိုင်း ပြည်ဒေသထွက် ညံရိုးပင်များဖြင့် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ညံရိုးမီးအနွေးဓာတ်၊ အလင်းဓာတ် တို့ဖြင့် အစဉ်အလာမပျက် နှစ်စဉ်မီးပူဇော်ကြခြင်းဖြစ်ကြောင်း၊ အဆိုပါ ညံရိုးမီးပူဇော်ရခြင်းကြောင့် ဉာဏ်အအမြော်အမြင်ကြီးမားပြီး ဉာဏ်ပညာထက်မြက်စေသည်ဟု ဒေသခံပြည်သူများက ယုံကြည်ကြကြောင်းနှင့် ညံရိုးမီးပူဇော်ပွဲကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီး၌သာ ကျင်းပြုလုပ်ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)