မန္တလေးခရိုင် Community Centre  တွင် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိ

မန္တလေး ဖေဖော်ဝါရီ ၁၅

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလေးခရိုင်စာရင်းရုံးတို့ ပူးပေါင်း၍ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို မန္တ‌လေးခရိုင်  Community Centre  သင်တန်းခန်းမတွင်  ဖေဖော်ဝါရီ ၁၄ရက်နေ့မှ ၁၆ရက်‌နေ့အထိ ၃ ရက်ကြာသင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိသည်။

အဆိုပါသင်တန်းတွင် ချမ်းအေးသာစံမြို့နယ်စာရင်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုနှင်းယဉ်နွယ်၊ ပြည်ကြီးတံခွန်မြို့နယ်စာရင်းရုံး ဦးစီးအရာရှိ ဒေါ်မာမာမွန်၊ ချမ်းမြသာစည်မြို့နယ် စာရင်းရုံးဦးစီးအရာရှိ ဒေါ်အေးမိမိကိုတို့က အသုံးစရိတ်သုံးစွဲရာတွင် လိုအပ်ချက်များ၊ အသုံး စရိတ်ပြေစာ စနစ်တကျ ရေးသားနည်းများ၊ ချက်လက်မှတ် သုံးစွဲနည်းများ၊ ဌစစာရင်းရေးသွင်း နည်း ၇သစ-၆ရေးဆွဲနည်း၊ ငွေစာရင်းခေါင်းစဉ်များ မှန်ကန်စွာသုံးစွဲနည်းစသည့် အကြောင်းအရာ များကို ဆွေးနွေးပို့ချလျက်ရှိသည်။

အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင်ရုံးနှင့် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပုသိမ်ကြီး၊ အမရပူရမြို့နယ်ရုံးတို့မှ အရာထမ်း၊ အမှုထမ်း ( ၂ရ )ဦး တက်ရောက်ကြကြောင်း သိရသည်။

   ယ ယ

ခရိုင် (ပြန်/ဆက်)