မိုးမိတ်မြို့နယ် အာသံကျေးရွာတွင် မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား စံချိန်စံညွှန်းပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး

မိုးမိတ် ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများကောင်းမွန်စေရေးအတွက် နှစ်စဉ်ဘဏ္ဍာရေးနှစ် အလိုက် ဆောင်ရွက်လျက်ရှိရာ အာသံကျေးရွာရှိ  အာသံဘုန်းကြီးကျောင်းလမ်းအား မြေသားလမ်း အဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်တည် ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင် အရာရှိ ဦးတင်ရှိန်တို့က စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ယနေ့ နံနက် (၉)နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းသည် ကွန်ကရစ်လမ်းဖြစ်ပြီး အရှည် ၃၉၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိကာ ၂၀၂၁ - ၂၀၂၂ ခု ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေကျပ် (၈၂၉၀၀၀၀)  ဖြင့် ဆောင်ရွက်ခဲ့ပြီး ကျေးလက်နေပြည်သူများ ရာသီသွားလာရ လွယ်ကူစေရန်အတွက် မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးမိတ်သား(ခရိုင်ပြန်/ဆက်)