နတ်မောက်မြို့ မြို့မစည်ပင်သာယာစျေးအသစ်ပြန်လည် တည်ဆောက်ခြင်း (၈၀ ရာခိုင်နှုန်း) ပြီးစီး ပြီဖြစ်

နတ်မောက်  ဖေဖော်ဝါရီ  ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြို့မစည်ပင်သာယာစျေးအသစ်ပြန်လည်တည်ဆောက်ခြင်း (၈၀ ရာခိုင်နှုန်း) ပြီးစီးပြီဖြစ် ကြောင်း သိရသည်။

အဆိုပါ မြို့မစည်ပင်သာယာစျေးကြီးသည် နိုဝင်ဘာ(၁၃) ရက်နေ့တွင် စတင်မီးလောင်ခဲ့ပြီး ၊ ဒီဇင်ဘာ (၇) ရက်နေ့တွင် အသစ်ပြန်လည်တည်ဆောက်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (မီနီ ဘက်ဂျက်)တွင် တိုင်းဒေသကြီးအစိုးရထောက်ပံ့ငွေ သိန်း (၅၅၀၀)ကျပ် ဖြင့် တည်ဆောက်လျက် ရှိသည်။

ထိုသို့တည်ဆောက်ရာတွင် စျေးဆိုင်ခန်းသစ်ဆောက်လုပ်ခြင်း (၂၂) ရုံ၊ အသားငါးဆိုင်ခန်း (၁)ရုံ၊ မြို့မဈေးအတွင်း တောင်/မြောက်လမ်းသွယ်(၁) မူလ(၁၂ပေ) အကျယ်လမ်းအား (၂၄ပေ)အကျယ် ကွန်ကရစ် လမ်းသားချဲ့ခြင်း၊ မြို့မဈေးအတွင်း တောင်/မြောက် လမ်းသွယ်(၁) လမ်း အရှေ့ ဘက်ခြမ်း အုတ်ရေမြောင်းဆောက်လုပ်ခြင်းနှင့် ရေမြောင်းပြုလုပ်ခြင်းများ လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မြို့မစျေးကြီးတွင် ၈ ပေ ၆ ပေ ဆိုင်ခန်းပေါင်း  (၄၇၈)ခန်း တည်ဆောက်ထားရှိပြီး၊ ၂၀၂၂ခုနှစ် မတ်လကုန်မှစ၍ ယာယီဈေးမှစျေးသည်များအား မြို့မစည်ပင်သာယာစျေးအတွင်းသို့ ပြန်လည်ရောင်းချခွင့်ပြုရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းမြတ်