ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

ကျွန်းလှ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ယနေနံနက် နာရီခွဲ အချိန်က မြို့အဝင်နှင့် သစ်ရာမြိုင်ဈေးရှေ့ လူစည်ကားသောနေရာ၌ Mask Campaign ပြုလုပ် ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပထွက်သူများ၊ ခရီးသွား ပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်များ၊ ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Mask အခု ၁၀၀၀ အခမဲ့ဖြန့်ဝေပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ နေထိုင်သွားလာကြရန် အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ