ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးစိုက်ဧက (၃၁၉၃၇)ဧက ရိတ်သိမ်းပြီး၍ အထွက်နှုန်းကောင်း

ပေါက်ခေါင်း နိုဝင်ဘာ ၂၅        

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ရာသီအလိုက်အဓိကစိုက်ပျိုး​သော သီးနှံတစ်မျိုးဖြစ်သည့် မိုးစပါးကို (၃၁၉၃၇)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်၍ အထွက်နှုန်းကောင်းမွန်​ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူအများစုမှာ တောင်သူလယ်သမားများဖြစ်ကြပြီး စိုက်ပျိုးရန်မြေဧက အလွန်​ပေါများသည့်အပြင် တစ်နှစ်ပတ်လုံးသီးနှံမျိုးစုံစိုက်ပျိုးနိုင်စေရန်အတွက် တောင်နဝင်းရေလှောင်တမံကလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသောကြောင့် ယနေ့နိုဝင်ဘာ ၂၅ ရက်နေ့အထိ မိုးစပါးစိုက် (၃၁၉၃၇)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်၍ တစ်ဧကအထွက်နှုန်းမှာ (၉၀.၇၆)ရာခိုင်နှုန်းဖြင့် (၂၈၉၈၆၃၀)တင်းထွက်ရှိပြီး မိုးစပါးဈေးနှုန်းမှာ တင်းတစ်ရာလျှင် ငွေကျပ် (၁၁)သိန်းကျော်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင်မိုးစပါးကို တောင်သူလယ်သမားများ၏ လယ်ယာမြေများတွင် လျာထားဧကပြည်မီကျော်လွန်အောင်စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည့်စက်ပစ္စည်းအကူအညီများနှင့် စိုက်ပျိုးရေးနည်းလမ်းကောင်းများကို ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)