သရက် နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ဉယျာဉ်ကျောင်း ဘုန်းတော်ကြီးကျောင်းတွင်း ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းက စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူ၏ တာဝန်များအကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ရီရီထွေးက ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်းအရာများကို ဆွေးနွေးပေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများက စားသုံးသူရေးရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)