လဲချားမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွိုင်လင်ခရိုင် ဒုတိယခရိုင်အုပ်ရေးမှူးမှ လာရောက်တွေ့ဆုံ

လဲချား နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့ညနေ (၅) နာရီကမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးနှင့် ကြိုတင်မဲကိစ္စလုပ်ငန်းများနှင့်ပတ်သက်၍ လွိုင်လင်ခရိုင် ဒုတိယခရိုင်အုပ်ရေးမှူးမှ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

‎‎ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် လွိုင်လွိုင်လင်ခရိုင်မှ ဒုတိယခရိုင်အုပ်ရေးမှူး ဦးအောင်မိုးက ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာကိစ္စအရပ်ရပ်များနှင့် ကြိုတင်မဲကိစ္စရပ်များ၊ မြန်မာအီလက်ထရောနစ် မဲပေးစက်ကိစ္စရပ်များ၊ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကိစ္စရပ်များ၊ ရွေးကောက်ပွဲကာလအတွင်း သတင်းမီဒီယာကိစ္စရပ်များ၊ မဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈) နှစ်ပြည့်ပီးသူများ မှတ်ပုံတင်ကိစ္စရပ်များ၊ မဲစာရင်းမှန်ကန်စေရေးနှင့် ဆော်သြလှုံ့ဆော်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲအတွက် တာဝန်ကျရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)