တနင်္သာရီမြို့နယ်(လဝက)မှ ညောင်ပင်ကွင်းကျေးရွာသို့ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားကတ်များ ဆက်လက်ဆောင်ရွက်ပေး

တနင်္သာရီ ဖေဖော်ဝါရီလ ၂၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ (လဝကမှူး)ဦးတင့်နိုင်နှင့် ဝန်ထမ်းများသည် “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေပြည်သူများ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လက်ဝယ်ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်၉နာရီမှ ညနေ၄နာရီအထိ ညောင်ပင်ကွင်းကျေးရွာအုပ်စု- ညောင်ပင်ကွင်းအရှေ့ရွာ ဇေယျစိတ္တသုခဘုန်းတော်ကြီးကျောင်းအတွင်း ဒုတိယနေ့အဖြစ် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာမှာ အိမ်ထောင်စုလူဦးရေစာရင်း (မရှိ)သေးသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်(မရှိ)သေးသူများကို လုပ်ငန်းစဉ်(၄)မျိုးဖြင့် အသက်(၁၀)နှစ် ပြည့်မှစ၍ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေးအတွက် ပြုလုပ်ပေးရာ ယနေ့မှာ နိုင်(၃/က) (၃၈)ဦး၊ နိုင်၆(က) (၆၅)ဦး၊ လဲလှယ်(၂)ဦးနှင့် မိတ္တူ(၆)ဦး သို့ပါ၍ နိုင်ငံသားကတ်ပေါင်း(၁၁၁)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၄)စုတို့အား ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း မြို့နယ်(လဝက)ရုံးမှ သတင်းရသည်။

ထိန်ဝင်း(ပြန်/ဆက်)