တမူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

တမူး ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်အထက်ရှိ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများ၊ အသက်(၁၈)နှစ်အထက်ရှိ ကာကွယ်ဆေး လုံးဝမထိုးရသေးသည့် အသက်(၁၈)နှစ် ပြည့်ပြီးသူများ၊ သာသနဝန်ထမ်းများ၊ ယာဉ်မောင်း ယာဉ်နောက်လိုက်များ၊ စျေးရောင်းချသူများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ လူမှုရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက် နေသော လူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊  အသက်(၁၂)နှစ်အထက်ကျောင်းသား/ ကျောင်းသူများကို ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် ဆေးလာရောက် ထိုးနှံကြသူများကို ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံခြင်းကို စနစ်တကျ ဆက်လက် ဆောင်ရွက်ပေးခဲ့သည်။

ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ အခက်အခဲမရှိ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့အစည်းများမှ ကူညီဆောင်ရွက် ပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်းကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက်(၉)နာရီမှ မွန်းတည့်(၁၂)နာရီအတွင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျော်ကြီး(တမူး)