မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် “လူငယ်နှင့် ပညာရေး” အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်

မိုင်းငေါ့ ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင်  “လူငယ်နှင့်ပညာရေး “အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့က ပြည်သူများ အသိပညာ ဗဟုသုတရှိစေရန်အတွက် Online စနစ်ဖြင့် Talk Show များ ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ပညာရေးဦးစီးဌာနမှ အထက်တန်းပြဆရာမ ဒေါ်နန်းထွေးလင်းကြည်က လူငယ်များအနေဖြင့် မိမိတိုင်းပြည်နှင့် လူမျိုးကို  ထိန်းသိမ်းစောက်ရှောက်လိုပါလျှင် ပညာမြင့်မားအောင် ကြိုးစားသင်ယူရမှာဖြစ်ကြောင်း၊ ပညာသင်ကြားမှုဆိုသည်မှာ  မိမိဘဝချမ်းသာစွာရပ် တည်နိုင်ရုံမျှ သာမဟုတ်ဘဲ တိုင်းပြည်ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေး   တိုးတက်မြင့်မားလာအောင် လူငယ်များမှ ပညာကို  ကြိုးစားအားထုတ် သင်ယူကြရမှာဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပေးခဲ့ပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းငေါ့မြိုရုံးအနေဖြင့် Online မှတဆင့် အသိပညာ လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင်  ဆွေးနွေးပွဲများ၊ Talk Showများ၊ ပြိုင်ပွဲများကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)