ဟင်္သာတမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ကြေညာ

ဟင်္သာတ ဖေဖော်ဝါရီ ၂၄

ယခုအခါတွင် ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ၊ မီးလန့်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ဟင်္သာတမြို့နယ် မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့မွန်းလွဲ ၁နာရီ အချိန်က မြို့တွင်းရပ်ကွက်များသို့ လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့ပေါ်ရှိ ရပ်ကွက် (၂၁) ရပ်ကွက်နှင့် ကျေးရွာအတွင်း နေထိုင်ကြသူများ အားလုံး မိမိတို့နေအိမ်ခြံဝင်းအတွင်း အပြင်ရှိ အမှိုက်သရိုက်များ ရှင်းလင်း ဖယ်ရှားထားရန်၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ စနစ်တကျထားရှိရန်၊ မီးသတ်ဆေးဘူးများ ဆောင်ထားရန်၊ မလိုလားအပ်သော လျပ်စစ်ဝါယာလျော့ မဖြစ်စေရေး အထူးသတိထားသုံးစွဲကြရန်၊ မီးဖိုမီးအသုံးပြုလျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ လျှပ်စစ်မီး သုံးစွဲလျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

ကိုဇော်