သာပေါင်း ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ် ဦးဆောင်၍ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပူးပေါင်းလုပ်ဆောင်ခြင်းများကို ယမန်နေ့ မှ စတင်ကာ လှေကြီးတတ်ကျေးရွာတွင် ပြည်သူများ သွားလာစည်ကားရာ လမ်းဆုံလမ်းမများ၊ ပုသိမ်-သာပေါင်း ကားလမ်းမတွင် မော်တော်ယာဉ်များ စစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ Mask Campaign ပူးပေါင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းမင်းထွဋ်၊ တပ်မတော်စစ်သည်များ၊မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းတို့မှ ခရီးသွား၊ လမ်းသွားလမ်းလာ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရေး အသိပေးနှိုးဆော်ကြပြီး ပြည်သူများ သွားလာ စည်ကားရာ လမ်းဆုံ လမ်းမများ၊ ပုသိမ်-သာပေါင်း ကားလမ်းမတွင်မော်တော်ယာဉ်များ စနစ်တကျ စည်းကမ်းချက်များနှင့် အညီသွားလာကြရန် စစ်ဆေးခြင်းများ ဆောင်ရွက်ကြပြီး ပြည်သူများအား Mask အခု (၅၀၀)ခန့် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း