ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၂၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာ ရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်(၃)ဒေါ်မိုးမိုးဦးက စာဖတ် ဝိုင်းတွင် ဖတ်ရှုဆွေးနွေးမည့် စာအုပ်ပါ အကြောင်း အရာများ ရှင်းလင်း ပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာစာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ရည်မှန်းချက်ရှိရမယ်” စာအုပ်ထဲမှ “ ခေတ်မီရမယ် သမီးရယ်” ခေါင်းစဉ်ပါ စာအကြောင်းအရာကို စာကြည့်တိုက်လက်ထောက်(၃)ဒေါ်မိုးမိုးဦးမှ လည်းကောင်း၊ အဆိုပါ စာအုပ်ထဲမှ “သက်ကြီးစကား” ခေါင်းစဉ်ပါ စာအကြောင်းအရာကို စာပေဝါသနာပါသူ Book Club အဖွဲ့ဝင် မညို သက်ပန်ကလည်းကောင်း အသီးသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝေယံ(IPRD)