ချောင်းဆုံမြို့နယ်၌ ပဲတီစိမ်းစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်

ချောင်းဆုံ ဖေဖော်ဝါရီ ၂၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ တောင်သူများ ဝမ်းစာဖူလုံသည့်အပြင် အပိုဝင်ငွေ တိုးပွားစေရန် သီးထပ်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်ပြီး ပဲတီစိမ်း စိုက်ခင်း စံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့က ကော့မုပွန်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တောင်သူများ တက်ရောက်ခဲ့ပြီး ကော့မုပွန်ကျေးရွာ ကွင်းအမှတ် (၆၃၅)ရှိ တောင်သူဒေါ်စန်းရွှေ၏ ပဲတီစိမ်းစိုက်ခင်း (၄)ဧက စံကွက်ကို ရိတ်သိမ်း ခြွေလှေ့ခဲ့ရာ တစ်ဧက ပျမ်းမျှအထွက် နှုန်း (၁၅.၆) တင်းနှုန်း ထွက်ရှိခဲ့သည်။

ချောင်းဆုံမြို့နယ်အတွင်း ပဲတီစိမ်း စိုက်ဧက (၈၄၅) ဧက၊မတ်ပဲ စိုက်ဧက (၃၂၉၇) ဧက ၊ ဘိုကိတ်ပဲ စိုက်ဧက (၁၀၄) ဧကနှင့် ပဲလွန် ၊ ပဲပုပ် စသည့် အခြား ပဲမျိုးများကို စိုက်ပျိုးထားကြောင်း ၂၀၂၂ ခုနှစ်အတွင်း သီးထပ်သီးနှံ ပဲမျိုးစုံ စိုက်ဧက ပေါင်း (၄၂၇၁) ဧက ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ