ကျေးသီး ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း များတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့် လျှောက်လွှာ တင်သွင်းထားသည့် ကျောင်းသား/ကျောင်းသူ ဦးရေ (၁၆၃) ဦးရှိကြောင်း သိရသည်။
ကျေးသီးမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း(၂)ကျောင်းနှင့် မိုင်းနောင်မြို့တွင် အခြေခံပညာ အထက်တန်းကျောင်း (၂)ကျောင်း စုစုပေါင်း (၄) ကျောင်းရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန (၂)ခုမှ ကျေးသီးမံစံစာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုသူ (၆၇) ဦး၊ ပြင်ပဖြေဆိုသူ (၂၆)ဦး စုစုပေါင်း (၉၃)ဦးနှင့် မိုင်းနောင်စာစစ်ဌာနတွင် ကျောင်းတွင်း ဖြေဆိုသူ (၃၈)ဦး၊ ပြင်ပဖြေဆိုသူ (၃၂)ဦး စုစုပေါင်း (၇၀)ဦး တစ်မြို့နယ်လုံးအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်သွင်းထားကြသူ စုစုပေါင်း (၁၆၃)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းမွမ်းဆိုင်