ပိုင်ကျုံမြို့နှင့် ကော့ကရိတ်မြို့ ဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်တွင် သံကူကွန်ကရစ် တံတား တည်ဆောက်ပေးလျက်ရှိ

ပိုင်ကျုံ  ဖေဖော်ဝါရီ  ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေ လွယ်ကူစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် ဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်တွင် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါတံတားသည် ပိုင်ကျုံမြို့မှ ကော့ကရိတ်မြို့နယ်အထိ ဆက်သွယ်ထားလျက်ရှိရာ  အရှည် ၃၆.၅၀ မီတာ× အကျယ်၉.၄၅ မီတာရှိပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံ ငွေကျပ်သန်း(၆၁၀)ဖြင့် သံကူကွန်ကရစ်ယက်မ၊ ကြမ်းခင်း၊ သံကူကွန်ကရစ်ကမ်းကပ်ခုံ တည်ဆောက်ခြင်း လုပ်ငန်းများကို  တံတားအထူးအဖွဲ့ အမှတ်(၁၄)မှ ဦးရဲမြင့်ထွန်း မြို့ပြအငယ်တန်းအင်ဂျင်နီယာ(၂)က ကြီးကြပ်တာ၀န်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

တံတားတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးပါက ဒေသနေပြည်သူများအနေဖြင့် သွားရေးလာရေးတွင် ယခင်ကထက် ပိုမိုအဆင်‌ပြေ လာမည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဆောင်ရွက်ရာတွင် ဥတုသုံးပါးစလုံး အဆင်ပြေ လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

နော်ခူးခူး၊စောဂျိုးဇက်ဂျူး