ပုသိမ် ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ငဝန်ကျွန်းသာနယ်မြေ အမှတ် (၁)ရပ်ကွက်ရှိ နံနက် ၁၀ နာရီ ၁၃ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘုရားကျောင်းဆောင်တွင် ပူဇော်ထားသော မီးလုံး သွယ်တန်းထားသည့် ပလတ်ခုံ အပူ လွန်ကဲရာမှ ဘေးနံရံတွင် ကာရံထားသည့်ပျဉ်သို့ မီးကူးစက် လောင်ကျွမ်းခဲ့ ခြင်းဖြစ်သည်။
မီးလောင်မှု ဖြစ်ပွားရာသို့ တိုင်းဒေသကြီးမီးသတ်ငြှိမ်းစခန်းမှ ဒုတိယတိုင်းဦးစီးမှူး ဦးသန်းထွန်းဦး ဦးစီးသော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတို့သည် တိုင်းဒေသကြီး မီးသတ် ဦးစီးမှူးရုံး၊ ပုသိမ်ခရိုင် မီးသတ်စခန်း၊ ငဝန်ကျွန်းသာနယ်မြေ မီးသတ်စခန်း၊ ပုသိမ်နယ်မြေမှ မီးငြှိမ်းသတ်ယာဉ်၊ အထောက်အကူပြုယာဉ်နှင့် ရေသယ်ယာဉ်များဖြင့် သွားရောက် သတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးလောင်မှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ပုသိမ်မြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)