အလုံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   Phase-6 second dose နှင့် Phase-7 first dose ထိုးနှံခြင်းများ ဆောင်ရွက်

အလုံ ဖေဖော်ဝါရီလ ၂၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယမန်နေ့ နံနက် (၉း၀၀) အချိန်က ၁၈နှစ်အထက်နှင့် ဘိုးဘွားများ၊  ပြည်သူများ၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ သံဃာတော်များနှင့် စည်ပင်ဈေး ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို  Phase-6 second dose နှင့် Phase-7 first dose ထိုးနှံခြင်းကိုဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ  ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိသည်။

ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၂၃၆၈၇))ဦးအား ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံပြီးပြီဖြစ်ပြီး  ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံခြင်းကို တနင်္လာ၊ ဗုဒ္ဒဟူး​နေ့နှင့်သောကြာ​နေ့များတွင် နံနက်(၉း၀၀)နာရီမှ (၁၁း၀၀)နာရီအထိ ထိုးနှံ​ပေးလျက်ရှိ​​ကြောင်း သတင်းရရှိသည်။

တင်တင်ချို(ပြန်/ဆက်)