ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဒဂုံအရှေ့ ဖေဖော်ဝါရီ ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင် ၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊Asia Vista Manufacturingစက်ရုံနှင့် Myanmar Silver Spring Enterprises Limitedစက်ရုံတို့အား ယနေ့မွန်းလွဲ(၁)နာရီက ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေး၊ အရှေ့ပိုင်းခရိုင် စစ်ဆေးရေး အဖွဲ့(၁)မှ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစက်ရုံများသို့ အရှေ့ပိုင်းခရိုင်စစ်ဆေးရေး အဖွဲ့(၁) ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေးမှ ဒေါက်တာဇေယျာမင်းပိုင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်မိုးတို့က သွားရောက်စစ်ဆေး ခဲ့ရာPhysical Distancingအတွက် ၆ပေ တိကျသောအကွာအဝေးရှိစေရန်ကြမ်းပြင်ပေါ်တွင် အမှတ်အသားရှိ/မရှိ၊ အလုပ်တက်/ဆင်းချိန် မတူညီစေရန် စီစဉ်ထားရှိမှု၊ ထမင်းစားချိန်မတူညီ စေရန်၊အလုပ်သမားတိုင်းအတွက် ပါးစပ်၊ နှာခေါင်းစည်းများ၊ လက်အိတ်များ တပ်ဆင်ထားရှိမှု၊ ကိုဗစ်-၁၉လက္ခဏာများခံစားနေရသည့် ဝန်ထမ်း များကိုလုပ်ငန်းခွင်သို့ မဝင်ရောက်စေဘဲ ကျန်းမာရေးဌာနသို့ မည်သို့မည်ပုံ သွားရောက်ဆေး ကုသပေးမည့်အကြောင်းကို ကြိုတင် တွက်ဆစီစဉ်ရေး ဆွဲဆောင်ရွက်ထားရန်၊ အလုပ်ခွင်သို့ မဝင်ရောက်ရမည့်အချက်များကို Vinylဖြင့် ထင်ရှားစွာရေးသားထားရှိရန်၊ ကိုယ်အပူချိန်တိုင်းသည့် ဝန်ထမ်းအား Masks၊ Gloves၊ Apron၊Faceshieldအပြည့်အစုံ ထောက်ပံ့ပေးထားရန်၊ အဖုံးနှင့်ခြေနင်းပါသည့် အမှိုက်ပုံးများကို အသုံးပြုရန်၊ ဝန်ထမ်းအိပ်ဆောင်များသတ်မှတ်ချက်နှင့်အည ပြုပြင်ရန်၊ လေဝင်၊ လေထွက် ကောင်းမွန်ရေးနှင့်Aircon လေစစ်ဇကာများပုံမှန်သန့်ရှင်းရေးပြုလုပ်၍ မှတ်တမ်းထားရှိရန် စသည့်အချက်များ ဆောင်ရွက်ထားရှိမှုရှိ/မရှိတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပြောကြားခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ (ပြန်/ဆက်)